Sunday, September 27, 2015

“ဘကကျောင်း ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့လှူဒါန်း”



မန္တလေး၊ စက်တင်ဘာ ၂၆

အမျိုးသားရေးဝါဒီဆရာတော် ဦဝီရသူမှ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်၊ ကန်ဝန်မင်းကြီးကျောင်းတိုက်(ဂျပန်ကျောင်း) ဘကကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက် လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များကို ဆရာတော်၏ကိုယ်စား တပည့်များဖြစ်ကြသည့် အရှင်ဇဝန(နဂါးနီစုဘူးနာယက)၊ အရှင်နာဂိန္ဒ(နဂါးနီစုဘူးဟောပြောတာဝန်ခံ)၊ အရှင်ဉာဏိဿရ(နဂါးနီစုဘူးဟောပြောတာဝန်ခံ)တို့ (၂၆.၉.၂၀၁၅)ရက်နေ့တွင် သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ကျောင်းသား ကျောင်းသူဦးရေပေါင်း (၁၃၇)ဦးရှိရာ သူငယ်တန်းမှ (၃)တန်းအထိ ကျောင်းသား ကျောင်းသူများအား (၁)ဒါဇင်စီနှင့် (၄)တန်းကျောင်းသား ကျောင်းသူ (၂၁)ဦးတို့အား (၂)ဒါဇင်စီ လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ 

ဆ ရပ်ကွက်သည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် နဂါးနီစုဘူးအမှတ်(၁)တည်ရှိသည့်ရပ်ကွက်ဖြစ်ပြီး ဂျပန်းကျောင်းတိုက်ဆရာတော် ဦးသုဇာတသည်လည်း ဆရပ်ကွက်နဂါးနီစုဘူးအတွက် ကမကထ ကိုယ်အားဉဏ်အား ကူညီဆောင်ရွက်ပေးနေသည့်ဆရာတော်တစ်ပါးပင်ဖြစ်ကြောင်း သိရသည်။

ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)







No comments:

Post a Comment