Wednesday, September 23, 2015

“မ.ဘ.သ(ဗဟို)ကြေညာချက်”


သဘောထားထုတ်ပြန်ကြေညာချက်
မဘသအဖွဲ့ကြီးသည်
၁။ အမျိုးသားရေး ဘသာရေး သာသနာရေးများကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
၂။ မည်သည့်အစိုးရ မည်သည့်ပါတီ မည်သည့်ပုဂ္ဂိုလ်၏ သြဇာခံ နောက်လိုက်မဟုတ်ပါ။
၃။ အမျိုး ဘာသာ သာသနာအတွက်ဆိုလျှင် မည်သူနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။
တိုင်းပြည်နှင့် လူမျိုး အမျိုး ဘာသာ သာသနာ ဖျက်ဆီးနေသည့် ဖျက်ဆီးနိုင်သည့် အန္တရာယ်များကိုလည်း အခြားပုဂ္ဂိုလ်ရေး ပါတီရေး မည်သူ့မျက်နှာကိုမျှ မထောက်ညှာဘဲ ဓမ္မဓိဋ္ဌာန်ကျကျ တွန်းလှန်ဖယ်ရှားသြွးမည်သာ ဖြစ်ပါသည်၊ သူ့တာဝန်သူထမ်းနေသည့် ရထားနှင့် ရထားလမ်းပမာ ကိုယ် အနေ-မတတ်၍ ဓမ္မစက်ဝါးမျိုခံရခြင်း အကြိတ်ခံရခြင်းသည် ဓမ္မစက်၏ တာဝန်မဟုတ်ပါ၊ ဓမ္မစက်သဘောသည် သူ့အလုပ်သူလုပ်နေမည်သာ ဖြစ်သည်။
၅။ မဘသအဖွဲ့ကြီးမှ မည်သည့်ပါတီ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ပုဂ္ဂလဓိဋ္ဌာန်နှောက်ယှက်ခြင်း တိုက်ခိုက်ခြင်း လုံးဝ မရှိပါ၊(အချို့သောသူ၏ ပုဂ္ဂိုလ်ရေးအရ ပြောဆိုခြင်းသည် မဘသ အဖွဲ့ကြီးနှင့် မဆိုင်ပါ။)
NLDပါတီ(ဗဟို)အောင်နိုင်ရေးဥက္ကဋ္ဌဦးတင်ဦးက-
NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)က နှောက်ယှက်လျက်ရှိကြောင်း
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ NLD ဗဟိုအောင်နိုင်ရေးရုံးတွင် စက်တင်ဘာ ၂၁-ရက်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းများပြန့်နှံ့နေပါသည်။
အဆိုပါပြောကြားချက် အမှန်ဖြစ်ပါက-
(က) NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန်မဲ့ လက်လွတ်စပယ် ပြောကြားမှုမျိုး ဖြစ်သည်ဟုလည်းကောင်း၊
(ခ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ရပ်ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ရပ်ဖြစ်သည်ဟု လည်းကောင်း၊
မှတ်ယူကြောင်း မ.ဘ.သ အဖွဲ့ကြီးက သဘောထားထုတ်ပြန်လိုက်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသ(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။


No comments:

Post a Comment