Friday, September 18, 2015

“AFP ရုပ်သံနှင့် အင်တာဗျူး”

26.8.2015 ရက်နေ့ မွန်းလွဲပိုင်း မစိုးရိမ်တိုက်သစ် ဓမ္မစေတိယကျောင်းတော်ကြီးမှာ လက်ခံတွေ့ဆုံပါတယ်။
AFP(ပြင်သစ်)သတင်းဌာန မြန်မာနိုင်ငံသတင်းအယ်ဒီတာ Ms.KELLY MACNAMARA မေးမြန်းလျှောက်ထား ပါတယ်။
အမျိုးစောင့်ဥပဒေကန့်ကွက်ကြသူတို့ရဲ့ အကြောင်းပြချက်တွေရယ်-
ကန့်ကွက်သူတွေ လွှတ်တော်ထဲမှာ စီးမိသွားရင် ပြန်ဖျက်နိုင်စရာအကြောင်းရှိ မရှိရယ်
ရွေးကောက်ပွဲနှင့် မ.ဘ.သ မူဝါဒတွေရယ်
မဘသ ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ဆောင်ရွက်ချက်တွေရယ်
စုံနေအောင်မေးပါတယ်။
ည ဘယ်အချိန်မှ အိပ်လဲ ယူကျူမှာ မွတ်စလင်မ်အကြောင်းတွေရှာကြည့်ဖြစ်လား စတာတွေတောင် ပါပါသေးတယ်။
အလုပ်များတဲ့ကြားက ယူကျူမှာရှာဖွေတာတွေကြောင့် စိတ်ပင်ပန်းတဲ့အခါ ဘယ်လို အပန်းဖြေလဲ စတာတွေလည်း ထည့်မေးပါသေးတယ်။
တိုင်းပြည်အတွက် အလုပ်လုပ်တာချင်း အတူတူတောင် သမ္မတဦးသိန်းစိန်က မိသားစုနှင့်အတူ ညစာစားချိန်ရှိ ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က မိတ်ကပ်လိမ်းချိန်၊ အလှပြင်ချိန်ရှိပါသေးတယ်။

ဦးပဉ္စင်းမှာ ညစာလည်းမလို အလှပြင်စရာလည်းမလိုတော့ သူတို့ထက်ပိုပြီး အလုပ်လုပ်ချိန်ရတာပေါ့။





No comments:

Post a Comment