Thursday, August 6, 2015

“မ.ဘ.သ ဗဟို အသိပေးကြေညာချက်”

၁။ ယခုအခါ မြန်မာပြည် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါး၌ ရေဘေးများ တွေ့ကြုံနေကြပါသည်၊ ပြည်တွင်းပြည်ပ စေတနာရှင်များ၏ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းမှုမှာလည်း အတော်အားရစရာ ကောင်းလှပါသည်၊ မ.ဘ.သ(ဗဟို)နှင့်တကွ ဒေသအသီးသီးရှိ မဘသများကလည်း တက်တက်ကြွကြွ ပါဝင်လှူဒါန်းကူညီနေသည်ကို တွေ့မြင် ကြားသိနေရပါသည်၊ အဖက်ဖက်က ကူညီပံ့ပိုးသူများကိုလည်း အထူးကျေးဇူးတင်ကြောင်း အားလုံးရဲ့ကိုယ်စား မဘသ အဖွဲ့ကြီးက မှတ်တမ်းတင်အပ်ပါသည်။
၂။ သို့သော် သွားလာမှု လွယ်ကူသောဒေသများ၌ အတော်များများရ/ရောက်သော်လည်း သွားလာမှု ခက်ခဲသော အချို့ဒေသများ၌ မရ/မရောက်သည်ဟု သိနေရပါသည်၊ သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသ များနှင့် တာဝန်ရှိသူများက မျှမျှတတဖြစ်စေရန် လိုအပ်သလိုစီစဉ်ပေးဖို့ လိုပါသည်၊ နောက်ထပ်ဖြစ်ပေါ်လာနိုင် သည့် သဘာဝဘေးအန္တရာယ်များကိုလည်း သတိထားပြီး ပြင်ဆင်ထားဖို့လည်း လိုပါသည်။
၃။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ စီမံထားဖို့ အထူးလိုအပ်ပါသည်၊ ပြန်လည်တည်ဆောက်ရေးအတွက် အဆောက်အဦးဆိုင်ရာပစ္စည်းများ ဆန်စသော စားသောက်ဖွယ်ရာပစ္စည်းများ လယ်ယာသုံးပစ္စည်းများ ပညာရေးအတွက် ကျောင်းသုံးပရိဘောဂများ အဝတ်အထည် စသည်များ ဤသို့ စသည်စသည်များကို ကြိုတင်စီမံထားဖို့ မလွဲမသွေ လိုအပ်ပေလိမ့်မည်။
၎။ မဘသ အဖွဲ့ကြီးမှလည်း ယခင်လှူဒါန်းမှုများအပြင် နောက်ထပ် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်မည်ဖြစ်သော
(က) ဆန်အိတ် ၁၀၀၀-ကျော်နှင့် အခြားစာအုပ်-စသော ပညာရေးအထောက်အကူပစ္စည်းများ၊
(ခ) မြန်မာကျပ်ငွေ သိန်း ၂၀၀-ကျော်-စသည်တို့ကို အဆင်သင့်စီမံထားပါသည်၊ သင့်လျော်သလို လှူဒါန်းသွားမည်ဖြစ်ပါသည်။
(ဂ) အခြားစေတနာရှင်များအနေဖြင့်လည်း လိုအပ်သောဒသများသို့ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်တိုင်ဖြစ်စေ၊ မဘသ အဖွဲ့ကြီးမှတဆင့်ဖြစ်စေ သင့်လျော်သလို လှူဒါန်းနိုင်ပါကြောင်းကိုလည်း မ.ဘ.သ အဖွဲ့ကြီး(ဗဟို)မှ အသိပေးကြေညာလိုက်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မ.ဘ.သ အဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။


No comments:

Post a Comment