မန်း
မ.ဘ.သ သို့ အလှူရှင်အသီးသီး အဖွဲ့အစည်းအသီးသီးမှ လာရောက်လှူဒါန်းကြသော အလှူငွေများမှာ
သိန်း(၆၀၀)ကျော်ပြီဖြစ်သည်။
ရိက္ခာနှင့်
အဝတ်အထည်ပီနံအိတ်ပေါင်း ဂိုထောင်နှစ်လုံးပြည့်နေပြီဖြစ်သည်။
မန်း
မ.ဘ.သ အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဓိကထားသော်လည်း လက်တလော အရေးပေါ်လိုအပ်ချက်မှန်သမျှကို
အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနေပါသည်။
မနက်ဖြန်
7.8.2015 ရက်နေ့တွင် မုံရွာမြို့အနောက်ဘက် ရုံးပင်ရိုးရွာ သရက်ငါးပင်ရွာ ထန်းတောကြီးရွာ
ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်(၈၀)နှင့် ခေါက်ဆွဲထုတ်များ ကိုယ်တိုင်ကိုယ်ကျ
သွားရောက် လှူဒါန်းမှာဖြစ်သည်။
ဧရာဝတီတိုင်း
မြန်အောင်မြို့နယ် ကျေးရွာများအတွက် လိုအပ်ချက်များကို စာရင်းတောင်းထားပြီဖြစ်သည်။
မနက်ဖြန်
ဘဏ်မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။
ရေဘေးသင့်သံဃာတော်များအတွက်
သင်္ကန်း အစုံ(၅၀၀)ကျော် ရရှိနေပါပြီ။
ကျောင်းတိုက်(၃၀)
စာသင်တိုက်(၇)တိုက် သံဃာ(၂၀)မှ သံဃာ(၁၀၀)ကျော်ထိ ရေဘေးသင့်ခဲ့ခြင်း ဖြစ်ပါသည်။
သံဃာများလက်ထဲရောက်အောင်
ပို့ဆောင်သွားမည်ဖြစ်ပါသည်။
ရွှေတောင်မြို့နယ်
ထန်းလုံးချောင်းကျေးရွာ အိမ်ခြေ(၁၄၀)အကုန်လုံး ရေမြုပ်သွားပါပြီ။ လူဦးရေ (၃၅၀)ကျော်
ရှိပါသည်။ ၄င်းတို့အတွက် ရွက်ဖြင်တဲထိုးရန် မိုးကာစများ သောက်ရေသန့်နှင့် ဆန် ဆီ ရိက္ခာများ
အရေးပေါ် လိုအပ်လျက်ရှိရာ ရမည်းသင်း မ.ဘ.သ အဖွဲ့မှ တာဝန်ယူ လှူဒါန်းသွားမည်ဖြစ်ကြောင်း
သိရပါသည်။
ရွှေတောင်
မ.ဘ.သ ကလည်း အစွမ်းကုန် ကူညီသွားမည်ဟု ဆိုပါသည်။
မြစ်ကြီးနား
မ.ဘ.သ အောင်ပန်း သဒ္ဓါရှင်အဖွဲ့တို့ကလည်း လိုက်လံအလှူခံနေကြောင်း ရေဘေးသင့်ပြည်သူ များလက်ထဲ
ရာခိုင်နှုံးပြည့်ရောက်အောင် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
No comments:
Post a Comment