Saturday, August 29, 2015

“အစိုးရလာဘ်စားမှုကြောင့် ဘင်္ဂါလီအရေးပေါ်ပေါက်ဟု မဘသဆို”

အစိုးရအဆက်ဆက် လာဘ်စားခဲ့ခြင်းကြောင့် ဘင်္ဂါလီအရေး ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
မန္တလေး၊ သြဂုတ် ၂၈၊ ကျော်ဝေမင်း
မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီအရေးများပေါ်ပေါက်လာရခြင်းမှာ ခေတ်အဆက်ဆက်အစိုးရအဖွဲ့များ လာဘ်စားထားခြင်းကြောင့်ဖြစ်ပြီး ယခုလက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် နယ်စပ်မြို့တော် တောင်ပြိုလက် ဝဲတွင် ကူညီကယ်ဆယ်ထားသော လှေစီးဘင်္ဂါလီအရေးကိုလည်း မဘသအဖွဲ့နေ အထူးစောင့်ကြည့်နေ ကြောင်း အဆိုပါဆရာတော်က မိန့်ကြားသည်။
“ဘုန်းကြီးတို့ဆီမှာ မှတ်တမ်းမှတ်ရာတွေ အများကြီးရှိပါတယ်။ တရားရုံး၊ ရဲစတာတွေကအစ ငွေများတဲ့ဘက်ကို အသာပေးနေတဲ့ အမှုတွေများစွာရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဘုန်းကြီးတို့အနေနဲ့ ဖိအားတွေ ပေးနေပါတယ်။ ဥပဒေအတိုင်းဖြစ်စေဖို့အတွက် ဖိအားပေးနေပါတယ်။ ဘုန်းကြီးတို့က အာဏာမရှိတဲ့အတွက် ဒီလောက်ပဲ တတ်နိုင်တာလေ။ အဓိကတာဝန်ရှိတာက အခုလက်ရှိအစိုးရပါ” ဟု ဆရာတော်ဦးပါမောက္ခက ဆက်မိန့်ကြားသည်။
ရခိုင်ပြည်နယ်ဘက်တွင် ကူညီက်ုဆယ်ထားသော လှေစီးဒုက္ခသည်များသည် ဒုက္ခသည်စခန်းမှတစ်ဆင့် ထွက်ပြေးသူများလည်းရှိနေပြီး ၄င်းတို့ထွက်ပြေးနိုင်ရန်အတွက် ကူညီသူများရှိနေပါက အဆိုပါ ကူညီသူများ အား ထိုက်သင့်သည့် ပြစ်ဒဏ်ကြီးကြီးမားမားပေးကာ နမူနာယူစေရန် အစိုးရအနေဖြင့် လုပ်ဆောင်သင့်ကြောင်း မဘသ အဖွဲ့က ပြောကြားသည်။
“မြေမျိုလို့ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မယ်ဆိုပြီး လဝက က ရုံးတွေမှာ ကပ်ထားတယ်။ အဲဒီလိုကပ် ထားပြီး သူတို့ ဘာလို့မလိုက်နာကြတာလည်း မေးရမယ်။ အခု ခိုးဝင်ဘင်္ဂါလီတွေကို ၁၉၈၂ နိုငင်ံသားဥပဒေနဲ့ မကိုက်ညီပဲ ဘာလို့သွင်းနေရတာလဲ။ ဒီဘင်္ဂါလီအရေးကို ဘယ်သူက ကူညီနေလဲ၊ သမ္မတဆိုလည်း သမ္မတကို အရေးယူ၊ သံဃာတော်တွေဆိုရင်လည်း သံဃာတော်တွေကို အရေးယူ၊ လဝကနဲ့ စစ်တပ်ဆိုလည်း သူတို့ကို ထိထိရောက်ရောက်အရေးယူပစ်။ ဒီလိုလုပ်ရင်တော့ ဘင်္ဂါလီအရေးက နည်းပါးသွားမှာပါ” ဟု ဦးပါမောက္ခက မိန့်ကြားသည်။
ဘင်္ဂါလီဒုက္ခသည်(၁၀၀၀)ခန့်အား အစိုးရက ရခိုင်ပြည်နယ်အတွင်းတွင် ဒုက္ခသည်စခန်းဖွင့်လှစ်ကာ ကူညီကယ်ဆယ်မှုပြုလုပ် နေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးကြိမ်မြောက်လွှတ်ပေးခဲ့ပြီးဖြစ်ကာ ယခုအခါတွင် ဘင်္ဂါလီ(၁၀၁)ဦးကျန်ရှိနေသေးသည်။
ရန်ကုန်မြို့သို့ မကြာသေးမီက ခိုးဝင်လာသော ဘင်္ဂါလီများအား စစ်စိမ်းရောင် မော်တော်ယာဉ်ဖြင့် ဖမ်းဆီးရမိခဲ့ ခြင်းအပေါ် တပ်မတော်က ပတ်သက်နိုင်ကြောင်း ပြည်တွင်းထုတ် မီဒီယာအချို့တွင် ဖော်ပြထားသည်။


No comments:

Post a Comment