၁၃၇၇
ခု ဒုတိယဝါဆိုလပြည့်ကျော်(၁)ရက်နေ့ (1.8.2015) ညနေ 5:00 နာရီမှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်
မဟာနာယက၊ နာယက၊ စာချ၊ စာသင် သံဃာတော်များ စုပေါင်းဝါဆိုကြပါတယ်။
ယခုနှစ်
ဝါဆိုသံဃာ
သာမဏေ
၆၄၃ ပါး
ရဟန်း
၁၈၇၉ ပါး
စုစုပေါင်း
၂၅၂၂ ပါး ဖြစ်ပါတယ်။
ဝါမဆိုခင်က
၂၈၀၀ နီးပါးရှိသော်လည်း ဝင်ခွင့်စာမေးပွဲမအောင်ခြင်း၊ ပြစ်ဒဏ်ထိခြင်း၊ ပြောင်းရွှေ့သွားခြင်းတို့
ကြောင့် ၂၅၂၂ ပါးပဲ အဖတ်တင်တာပါ။
ပြီးခဲ့တဲ့နှစ်က
၂၅၂၈ ပါး ဝါဆိုပါတယ်။
ဒီနှစ်
ဝါဆိုပွဲမှာ ပထမ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသက စာကြိုးစားဖို့၊ ကျန်းမာရေးဂရု
စိုက်ဖို့၊ နာယကဆရာတော်များ စာချဆရာတော်များကို ဂါရဝ နိဝါတ ရှိဖို့၊ သြဝါဒကိုလိုက်နာဖို့၊
စည်းကမ်းရှိဖို့ မိန့်ကြားတော်မူပါတယ်။
လက်တလော
တိုင်းနယ်ပြည်နယ်အသီးသီးရှိ ရေဘေးသင့် ပြည်သူများအတွက် မစိုးရိမ်တိုက်သစ် သံဃာတော်များ
စုပေါင်း လှူဒါန်းကြဖို့နှင့် သဘာဝဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပြီး
အလှူခံပေးဖို့ ဆက်လက်မိန့်ကြားပါတယ်။
မနက်ဖြန်
2.8.2015 ရက်နေ့မှစ၍ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
လှူဒါန်းလိုပါက
ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသ
ဓမ္မသီတဂူကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊
မန္တလေး။
09.2033803
ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
No comments:
Post a Comment