Friday, August 28, 2015

“နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ် ဘုံဆွမ်းလောင်းလှူပွဲ ကျင်းပမည်”

၅၄-နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် မန်း မ.ဘ.သ ဝိုင်းတော်သားများ စုပေါင်းဆွမ်းလောင်းကြပါမည်။
ယနေ့ 28.8.2015 ညနေ 6:00 နာရီ မန်း မ.ဘ.သ ကြားဖြတ်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
အစည်းအဝေးကို မန်း မ.ဘ.သ ရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး အတွင်းရေးမှူးချုပ်ဆရာတော် အမှူးပြုသောဆရာတော်သံဃာတော်များ၊ မ.ဘ.သအဖွဲ့ဝင် ဥပါသကာ၊ ဥပါသိကာ အမျိုးသားအမျိုးသမီးများ တိုင်ပင်ညီညွတ်၍ စည်းဝေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။
မန်း မ.ဘ.သ အဖွဲ့က မတည်ငွေ ၂ သိန်းကျပ်နှင့် ဆီနှင့်ဆန်များ လှူဒါန်းကာ အလှူရှင်အသီးသီးက တစ်တပ်တစ်အား ထည့်ဝင်လှူဒါန်းကြခြင်းဖြစ်ပါသည်။
(၅၃)နှစ်မြောက် နိုင်ငံဘာသာနေ့အထိမ်းအမှတ် သံဃာဒါနဆွမ်းလောင်းပွဲကို ပရိယတ္တိသာသနဟိတအသင်း ဓမ္မသာလာဗိမာန်မှာ ကျင်းပနိုင်ခဲ့ပါသည်။
ယခု (၅၄)ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ် သံဃာ့ဒါနဆွမ်းလောင်းပွဲကို၁၃၇၇-ခု ဝါခေါင်လ ပြည့်နေ့ 30.8.2015 မနက် 5:00 နာရီ ၃၈ လမ်း ကျောက်ဝိုင်းမြောက်ဘက် ဒေဝယာနိက လူမှုကူညီရေး အသင်းအနီးမှာ ဆွမ်းလောင်းမည်ဖြစ်ပါသည်။
ပဏီတဘောဇဉ်များ လောင်းလှူရန် သံဃာတော်အပါး(၅၀၀)စာ စီမံထားပါသည်။ သံဃာတော်အရှင်သူမြတ် များ ကြွရောက်အလှူခံနိုင်ကြောင်းပါဘုရား......။





No comments:

Post a Comment