မန္တလေး၊
သြဂုတ် ၂၈
မဘသအဖွဲ့ကို
အန္တရာယ်ရှိသောအဖွဲ့ဟု သတင်းသမားလုံခြုံရေးသင်တန်းသား/သူများက တစ်ညီတညာ တည်း ပြောကြားခဲ့ပါတယ်။
မန္တလေးမြို့
၃၅လမ်း၊ ၇၂×၇၃ လမ်းကြားရှိ၊ ဒင်္ဂါးဟိုတယ်မှာကျင်းပတဲ့ Salety Training for Myanmar
Journalists သင်တန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
၎င်းသင်တန်းကို
Myanmar Press Council(MPC)ရန်ကုန်မှ လာရောက်ပို့ချခြင်းဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့မှ
၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် နေ့စဉ်ပို့ချခဲ့တာဖြစ်ပါတယ်။
နေ့စဉ်
မနက် 9:00 နာရီမှ ညနေ 4:30 ထိ နေ့စဉ်ပို့ချတဲ့သုံးရက်တာ သင်တန်းကိုတက်ရောက်သင်ယူသူ
သင်တန်းသား/သူတွေကတော့ သုံးဆယ်နီးပါးရှိပါတယ်။ သူတို့ဟာ သင်တန်းရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့
သြဂုတ်၂၇ရက်နေ့မှာ အခုလို တစ်သံတည်းထွက်အောင် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
သင်တန်းပို့ချသူက
မဘသ အဖွဲ့ကို ဘယ်လိုမြင်လဲလို့မေးလိုက်တဲ့အခါ “အန္တရာယ်ရှိတယ်” လို့ တစ်ပြိုင်တည်း ဖြေကြားခဲ့တာပဲ
ဖြစ်ပါတယ်။
MPC
မှ လာရောက်ပို့ချသူ သုံးယောက်ရှိပြီး တက်ရောက်သူအများစုက နေပြည်တော်၊ တောင်ကြီး၊ ပင်လောင်း
စတဲ့ အထက်မြန်မာပြည် နယ်မြို့များမှ ဖြစ်ကြပါတယ်။ ရန်ကုန် မန္တလေးနှင့် အခြားမြို့များအတွက်
ရန်ကုန်မှာ ပို့ချခဲ့ပြီးဖြစ်တာကြောင့် အခုတစ်ကြိမ်မှာ နယ်သတင်းထောက်များကို သီးသန့်ပို့ချတာဖြစ်ဖြစ်ပေမယ့်
ဧရာဝတီ၊ ရွှေမန္တလေး စတဲ့ မြို့ခံသတင်းသမားတွေလည်း အနည်းငယ်ပါဝင်ကြောင်း သိရပါတယ်။
ပထမနေ့ဖြစ်တဲ့
၂၇ ရက်သင်တန်းအဖွင့်မှာ ဘာသာရေးနှင့် ပတ်သက်တာတွေ ဘာမှမပြောရဘူးလို့ ပို့ချသူများကိုယ်တိုင်
သတ်မှတ်ခဲ့ပေမယ့် အခုလို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ရည်ရွယ်တိုက်ခိုက်ခဲ့တာပဲ
ဖြစ်ပါတယ်။
မေးခွန်းထုတ်ရုံသာ
ထုတ်ပြီး အပြန်အလှန် ဆွေးနွေးမှုမရှိခဲ့ပေမယ့် “ဗုဒ္ဓဘာသာတွေမှ ဟုတ်ပါလေစ ပြောလည်းပြောရက်တယ်”
ဟု လေ့လာသူပရိသတ်တစ်ဦးက မှတ်ချက်ပြုသလို တစ်သံတည်းထွက်ကြတာဟာ “ဇာတ်တိုက်ထားလို့များလား”
ဟု မေးခွန်းထုတ်ကြသူတွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံထဲမှာပါတဲ့
ရင်းနှီးတဲ့သတင်းထောက်တစ်ဦးကို စုံစမ်းကြည့်ရာမှာတော့ အင်တာဗျူးဖို့သွားတာဖြစ် ကြောင်း၊
ပထမရက်မှာသာရောက်ခဲ့တာဖြစ်ကြောင်း၊ သူရှိစဉ်တော့ အခုလို ပို့ချတာမျိုး မရှိခဲ့ကြောင်း
ဖြေကြားပါတယ်။
ဒီလိုအသေးစိတ်
ဆွေးနွေးမှုမရှိတာကြောင့် ဘာကြောင့်အန္တရာယ်ရှိတယ်။ ဘယ်သူ့အတွက် အန္တရာယ်ရှိတယ်။ ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာမျိုးကိုတော့
မသိရပါဘူး။
မန္တလေး
မီဒီယာများက ဆရာတော်သံဃာတော်များနှင့် ပတ်သက်ရင် ထိပ်တိုက်မတွေ့ချင်လို့ ရှောင်ကြဉ်
ကြပြီး ရန်ကုန်မီဒီယာများကတော့ မဘသ အဖွဲ့ခေါင်းဆောင်ထေရ်ကြီးဝါကြီးဆရာတော်ကြီးများပါမကျန်
ထိုးနှက်တိုက်ခိုက်လေ့ရှိပါတယ်။ ဖက်နှင့်ဆူး ဥပမာလိုပါပဲ။ မဘသကို ပြစ်မှားစော်ကားတဲ့
မီဒီယာသမားတွေရဲ့ အနာဂတ်က သိပ်မဝေးလှတဲ့မနက်ဖြန်တွေအဖြစ် သင်္ခန်းစာယူနိုင်ကြမှာပါ။
ကျွန်းပြန်ဘသောင်း
No comments:
Post a Comment