သဘာဝဘေးအန္တရာယ်
ရေလွှမ်းမိုးခံနေရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နှင့် ဝန်သို၊ ကလေးမြို့များအတွင်းရှိ
ရေဘေးသင့် မိဘပြည်သူရဟန်းရှင်လူအပေါင်းတို့အား သွားရောက်ကူညီ ထောက်ပံ့ ပေးကြသော ပရဟိတရဟန်းသံဃာ
လူ့အဖွဲ့အစည်းများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးနှင့် တာဝန်ယူကူညီဆောင်ရွက်ကြသော
အဖွဲ့အစည်းအပေါင်းတို့အား ရေဘေးသင့်ရဟန်းရှင်လူ ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း
မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၏ မေတ္တာသဝဏ်လွှာ။
ရက်စွဲ။ ။ ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ၂၀၁၅ ခုနှစ်၊
ဇူလိုင်လ(၃၁)ရက် သောကြာနေ့
စာအမှတ်။ ။ ၄၇/မ.မ.ရ.သ/၂၀၁၅
၁။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်နေကြသော
ရဟန်းရှင်လူပြည်သူများအား အနယ်နယ်အရပ်ရပ်မှ လာရောက်ကြပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးခြင်းနှင့်
နိုင်ငံတော်သမ္မတကြီးနှင့်တပ်မတော်သာများ၊ ဌာနဆိုင်ရာကူညီထောက်ပံ့ပေးသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေကြောင်း ရေဘေးသင့်ရဟန်းရှင်လူပြည်သူများကိုယ်စား မျိုးချစ်မြန်မာရဟန်းတော်များ
သမဂ္ဂမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
၂။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ (၁၃၅)မျိုးသော တိုင်းရင်းသား တိုင်းရင်းသူ ညီအကိုမောင်နှမများအားလုံးတို့သည်
တအူတုံဆင်းညီရင်းအကိုမောင်နှမများနည်းတူ ချစ်ချစ်ခင်ခင်နေထိုင် လာကြသည်မှာလည်း အင်မတန်ဝမ်းသာစရာဓလေ့ထုံးစံတခုဖြစ်ပါသည်။
ဒုက္ခရောက်ပြီဆိုတာနဲ့ ရောက်အောင်သွားပြီး ကူညီတာလည်း ပြည်ထောင်စုစိတ်ဓာတ်ကြောင့် ဖြစ်ပါသည်။
ထိုအထဲတွင် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂသည် အုတ်တချပ်တောင်မဟုတ် သဲတပွင့်မျှသာ
ကူညီပေးနိုင်ခဲ့တာအတွက်လည်း ဝမ်းနည်းမိပါသည်။ အကြောင်းမှာ မိမိတို့အဖွဲ့အစည်းမှာ နွမ်းပါးသောကြောင့်သာ
ဖြစ်ပါသည်။
၃။
ဘယ်တိုင်း၊ ဘယ်ပြည်နယ်၊ ဘယ်မြို့မှာဘဲ ဒုက္ခရောက်ရောက် ရောက်သည့်နေရာဒေသ ဘယ်လောက်ပင်
ဝေးဝေး တတ်စွမ်းသမျှ ထောက်ပံ့ရန် ပစ္စည်းဝတ္ထုများနှင့်သာ လှူဒါန်းထောက်ပံ့ပေးခဲ့ရုံသာမက
ကာယအား၊ ဉာဏအားများဖြင့်ါပ ကူညီထောက်ပံ့လှူဒါန်းပေးသော ဘာမျှော်လင့်ချက်မှမပါ ပေးဆပ်မှုသက်သက်သာပေး
ဆပ်လိုသော ပရဟိတစိတ်ဓာတ်အမှန်ဖြင့် သွားရောက်ကူညီလှူဒါန်းကြသည်မှာလည်း မြန်မာတိုင်းရင်းသား
အားလုံး၏ ချစ်စရာဓလေ့ထုံးတမ်းတခုဖြစ်ပါသည်။
၎။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ တိုင်းရင်းသားတိုင်းရင်းသူ ညီအကိုမောင်နှမများအားလုံးတို့
မှလည်း စည်းလုံးခြင်းသည်အင်အားဖြစ်သဖြင့် တိုင်းပြည်နဲ့ အမျိုးဘာသာ သာသနာအအတွက် (အမျိုး
ဘာသာ သာသနာဆိုသည်မှာ (၁၃၅)မျိုးသော တိုင်းရင်းသားအားလုံးနှင့် မိမိတို့တိုင်းရင်းသားများ
ကိုးကွယ်ရာဘာသာ သာသနာကိုဆိုလိုသည်။) ဘေးစကားများကို မယုံကြည်ကြတဲ့ သွေးစကားများကိုသာ
ယုံကြည်ကြ၍ စည်းစည်းလုံးလုံးနဲ့လက်တွဲလုပ်ဆောင်နိုင်ကြစေရန် တိုက်တွန်းပြောကြားလိုက်ပါရစေ။
သို့အတွက်ကြောင့် ရေဘေးသင့်ရဟန်းရှင်လူပြည်သူများအား လာရောက်ကူညီလှူဒါန်းထောက်ပံ့ပေးကြသော
တိုင်းရင်းသား တိုင်းရင်းသူညီအကိုမောင်နှမ ပရဟိတအဖွဲ့များအားလုံးနှင့် နိုင်ငံတော်သမ္မတကြီးနှင့်
တပ်မတော်သားများ ဌာနဆိုင်ရာဝန်ထမ်းမျာအားး ရေဘေးသင့်ရဟန်းရှင်လူပြည်သူများကိုယ်စား
မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ ကျေးဇူးအထူးတင် ဝမ်းမြောက်ကြိုဆိုဂုဏ်ပြုပါကြောင်း
မေတ္တာသဝဏ်လွှာ ထုတ်ပြန်လိုက်ပါသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)
ဥက္ကဋ္ဌ
ဦးဉာဏဓမ္မ
အတွင်းရေးမှူး
ဦးသုစိတ္တ

No comments:
Post a Comment