Tuesday, August 4, 2015

“ရေဘေးဆောင်ရွက်ပြည်သူအတွက်(၄)”

မန်း မ.ဘ.သ သို့ အဖွဲ့အစည်းအသီးသီး အလှူရှင်အသီးအသီးတို့ လာရောက်လှူဒါန်းကြရာ အလှူငွေ သိန်း(၅၀၀)နီးပါး နှင့် ရိက္ခာနှင့်အဝတ်အထည်အိတ်ပေါင်း (၆၀၀)ကျော် ရရှိနေပါပြီ။
မန်း မ.ဘ.သ အနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားပါမည်။
လက်တလော အရေးပေါ် လိုအပ်လျက်ရှိသော ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ အရောက်ပို့ပေးခြင်းကို ဦးစားပေးလုပ်ဆောင်နေပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တောင်ရွာ တစ်ရွာလုံး ရေမြုပ်ပြီး အိမ်ခြေ(၆၅၀)အနက် (၅၈)အိမ် ပျက်စီးခဲ့ပါတယ်။ ရခိုင်အဖိုးအဖွားနှစ်ဦးသေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် ရေဘေးကြောင့် လူ(၁၄)ဦး သေဆုံးခဲ့ပါတယ်။
ယခုအခါ အိုးမဲ့အိမ်မဲ့ အိမ်ထောင်စု (၅၈)စုအတွက် ခြုံစောင်(၃၂၀) ဖျာ(၁၀၀) အရေးပေါ် လိုအပ်နေလို့ အရောက်ပို့ပေးဖို့ လုပ်နေပါတယ်။
မန်း မ.ဘ.သ အနေဖြင့် အလှူခံရရှိထားသည်များကို ပြည်သူများထံသို့ ရာခိုင်နှုံးပြည့် အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမြောက်ပိုင်း ကလေးမြို့မှာ သံဃာတော်များ အရေးပေါ် သင်္ကန်းများလိုအပ်နေပါတယ်။
6.8.2015 ရက်နေ့ မန်း မ.ဘ.သ မှ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။
သင်္ကန်းလှူလိုသော သံဃာတော်များ မန်း မ.ဘ.သ အဖွဲ့သို့ ဆက်သွယ်နိုင်ပါတယ်။













No comments:

Post a Comment