Sunday, July 26, 2015

“သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ”

(အသစ်ဖွင့်မည့် ဝီရသူ ဝက်ဘ်ဆိုက်မှာ ပဋိပတ္တိကဏ္ဍတစ်ခုထည့်ထားပါတယ်။ ပဋိပတ္တိနဲ့ပတ်သက်တဲ့ တရားစခန်း တွေ၊ ကမ္မဋ္ဌာန်းရိပ်သာတွေ အကြောင်းကို အခုလို ခရီးသွားဆောင်းပါးအနေနဲ့ဖြစ်စေ၊ နောက်ခံသမိုင်းကြောင်း အနေနဲ့ဖြစ်စေ ဓာတ်ပုံများနှင့်တကွ ဝေဝေဆာဆာ ဖော်ကြူးသွားပါမည်။ စာမူနှင့်ဓာတ်ပုံများပေးပို့လိုပါက Wirathu11111@gmail.com သို့ ပေးပို့နိုင်ပါပြီ။)



မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာ၊ ရေတံခွန်တောင်ခြေ၊ သစ္စဝေဒဂူမိုးကုတ်ဝိပဿ နာ မဂ္ဂင်ဓမ္မရိပ်သာကို ၁၃၆၂-ခုနှစ်၊ ပြာသလိုလဆန်း(၈)ရက်၊ တနင်္လာနေ့(၁.၁.၂၀၀၁) တွင် တည်ထောင်ခဲ့သည်၊ တစ်နှစ်လျှင် ဝိပဿနာတရားစခန်း ရက်(၂၀)သုံးကြိမ်၊(၁၀)စခန်း သုံးကြိမ်၊ ဤသို့ တရားစခန်း(၆)ကြိမ်ကျင်းပသည်၊ ပုံမှန်တရားစခန်းများတွင် ယောဂီဦးရေ(၁၀၀)ကျော်၊ (၂၀၀)ခန့်ရှိတတ်ပြီး နှစ်စဉ် သင်္ကြန်တွင်း(၁၀)ရက်တရားစခန်းတွင် ယောဂီ(၁၅၀၀)ခန့် ရှိတတ်သည်။
သစ္စဝေဒဂူဆရာတော်သည် စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ ဂန့်ဂေါ၊ ပြင်ဦးလွင်၊ သီပေါ၊ နမ္မတူ၊ ရန်ကုန် စသည်မြို့များသို့လည်း နှစ်စဉ်ကြွ၍ ဝိပဿနာတရားစခန်းများဖွင့်လှစ်ဟောပြောပြသတော်မူပါသည်။













No comments:

Post a Comment