(အသစ်ဖွင့်မည့်
ဝီရသူ ဝက်ဘ်ဆိုက်၌ ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ကဏ္ဍတစ်ခုထည့်ထားပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းနဲ့ပတ်သက်တဲ့
သတင်းတွေ၊ ဓမ္မစကူးလ်သတင်းတွေ အခုလို ဓာတ်ပုံများနှင့်တကွ ဝေဝေဆာဆာ ဖော်ကြူးသွားမှာဖြစ်ပါတယ်။
စာမူနှင့်ဓာတ်ပုံများပေးပို့လိုပါက
Wirathu11111@gmail.com သို့ ပေးပို့နိုင်ပါပြီ။)
==========================================================
“ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆိုင်ရာ”
မန္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာ၊ ရေတံခွန်တောင်ခြေ၊ သစ္စဝေဒဂူ မိုးကုတ်ရိပ်သာ၌ ကျင်းပသည့်
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများကို ၂၀၀၃ ခုနှစ်မှစတင်၍ ဖွင့်လှစ် သင်ကြားခဲ့ရာ ၂၀၀၃
ခုနှစ်တွင် သင်တန်းသားဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်သင်ကြားကြပြီး၊
၂၀၀၄၊၂၀၀၅၊၂၀၀၆၊၂၀၀၇၊၂၀၀၈၊၂၀၀၉၊၂၀၁၀၊၂၀၁၁၊၂၀၁၂၊၂၀၁၃၊၂၀၁၄၊၂၀၁၅
ခုနှစ်များတွင် သင်တန်း သားဦးရေမှာ ၁၅၀၀ ကျော်ခန့်နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသည်။
၎င်းနောက်
ယဉ်ကျေးလိမ္မာဆရာဖြစ်မွန်းမံသင်တန်းကိုလည်း (၁၀)ကြိမ်တိုင်တိုင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
အချို့နယ်မြို့များတွင်
သက်ကြီးယဉ်ကျေးလိမ္မာသင်တန်း စာမေးပွဲများကျင်းပလျက် ဖွင့်လှစ်ပေးထားပါသည်။
တနင်္ဂနွေနေ့စဉ်များမှာလည်း
ရပ်ကွက်၊ ကျေးရွာများတွင် ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။






























No comments:
Post a Comment