Monday, July 27, 2015

“ဆွမ်းခံသံဃာကို ဗုံးထောင် တိုက်ခိုက်တာပါဗျာ”


(မူဆလင်များရင် ခွဲထွက်တောင်းဆိုမှုတွေ ပေါ်လာမှာပါ။
မရမချင်း ပြည်သူနှင့်သံဃာကို အခုလိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေဦးမှာပါ.....။
လူနည်းစုနှင့် လူများစု ဆိုသူတွေ
လူ့အခွင့်အရေးဆိုသူတွေ
တန်းတူအခွင့်အရေးဆိုသူတွေ
တရားဦးပဒေစိုးမိုးရေးဆိုသူတွေ
ငြိမ်းချမ်းရေးဆိုသူတွေ....... ဒီပြဿနာကို လေးလေးနက်နက် ဆင်ခြင်တွေးဆပြီး အဖြေရှာကြည့်ဖို့လည်း လိုမယ်နော်..........။
ဒီလိုအရေးမျိုးကို ကြိုတင်ကာကွယ်နေသူကို အပြစ်ပြောနေတာတွေဟာ လက်တွေ့ကျပါမလားဗျာ.....။)
ဝီရသူ(မစိုးရိမ်)
27.7.2015
PM 5:32
==========================================================
“ထိုင်းတောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးနှင့် ရဲတစ်ဦးသေဆုံး”
ဘန်ကောက်၊ ဇူလိုင် ၂၅
ထိုင်းတောင်ပိုင်း ခွဲထွက်ရေးသူပုန်များ လှုပ်ရှားရာဒေသတွင် ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးနှင့် ရဲတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင့် fox news သတင်းတစ်ရပ်က ဖော်ပြထားသည်။
ခွဲထွက်ရေးမွတ်ဆလင် တိုက်ခိုက်ရေးသမားများက ထိုင်းတောင်ပိုင်းတွင် စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ်များ ကို ဦးတည်သော တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
အဆိုပါဗုံးဒဏ်ကြောင့် ဒဏ်ရာရရှိသူ ခြောက်ဦးရှိသည်။
ထိုင်းတောင်ပိုင်းပတ္တာနီပြည်နယ်တွင် ဆွမ်းခံကြွလာသော သံဃာတော်များနှင့် လုံခြုံရေးပေးထားသော ရဲတပ်ဖွဲ့ဝင်များကို ဗုံးထောင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဘုန်းကြီးတစ်ပါးနဲ့ ရဲတစ်ဦးတို့ သေဆုံးသွားပါတယ်” ဟု ရဲမှူးကြီးတစ်ဦးဖြစ်သူ ပိုင်ယာကာရာဝါနန်က ပြောကြားခဲ့သည်။
ဒဏ်ရာရသူများတွင် ဘုန်းကြီးတစ်ပါး၊ ရဲနှစ်ဦးနှင့် အရပ်သားသုံးဦးတို့လည်း ပါဝင်ကြသည်။
ဗုဒ္ဓဘာသာအများစုနေထိုင်ရာ ထိုင်းနိုင်ငံတွင် ပတ္တာနီပြည်နယ်သည် မွတ်ဆလင်ထိုင်းနိုင်ငံသားများ အများစုရှိ ရာ ပြည်နယ်သုံးခုအနက်မှ တစ်ခုဖြစ်သည်။
၂၀၀၄ တွင် စတင်ခဲ့သော ထိုင်းတောင်ပိုင်း မွတ်ဆလင်သူပုန်ထမှုအတွင်း လူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့ရသည်။
ထိုင်းစစ်အစိုးရနှင့် သူပုန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလေးရှားအစိုးရက ကြားဝင်စေ့စပ်ပေးသော် လည်း မအောင်မြင်ခဲ့ပေ။
လွတ်လပ်သော မွတ်ဆလင်ပြည်နယ်တည်ထောင်နိုင်ရန်အတွက် သူပုန်များက လိုလားလျက်ရှိသည်။


No comments:

Post a Comment