"ဘယ်အစိုးရမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီး ရပ်တည်လို့မရနိုင်ဘူး(အပိုင်း-၂
နိဂုံး) "
====================================================
(ဆရာတော်ဦးဝီရသူနှင့်
မေးသမျှ ဖြေသမျှ)
မေး -ခုလုပ်နေတဲ့
နိုင်ငံရေးတွေ၊ အမျိုးသားရေးတွေကို ဘယ်အချိန်လောက်ထိ ဆက်လုပ်ဖြစ်မလဲ။
အဲဒါတွေမလုပ်ဖြစ်တော့ရင်ရော
ဘာတွေလုပ်မလဲဘုရား။
ဖြေ - နိုင်ငံရေးဆိုတာကလည်း
ဝါသနာပါလို့ လုပ်နေတာမဟုတ်ဘူးလေ။ အမျိုးသားရေးဆိုတာကလည်း ၀ါသနာပါလို့လုပ်နေတာမဟုတ်ဘူးလေ။
နိုင်ငံရေးစလုပ်ခဲ့စဉ်တုန်းကတော့
ဒီမိုကရေစီပီပီပြင်ပြင်ပေါ်လာစေချင်လို့လုပ်ခဲ့တာပေါ့နော်။ ဒီမိုကရေစိရေးနဲ့ အမျိုးသားရေးကို
ဟန်ချက်ညီညီနဲ့သွားစေချင်တာလေ။ ဒါပေမယ့် လက်ရှိအစိုးရသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကြီးက
အမျိုးသားရေးကို ဘေးချိတ်ထားတဲ့ လမ်းကြောင်းကြီးဖြစ်နေတော့ ဦးဇင်းတို့က အမျိုးသားရေးကို
ဦးစားပေးပြီး လုပ်ကြရတာပေါ့။
အဲတော့ ဒီမိုကရေစီ
မပီပြင်သေးသရွေ့ နိုင်ငံရေးမှာ ဦးဇင်းတို့က အမြဲတမ်း ကလောင်နဲ့ တည့်မတ်သင့်တဲ့နေရာ
တည့်မတ်ပေးမယ်။ ဝေဖန်ထောက်ပြသွားမယ်။ ဒါက ဦးဇင်းတို့ရဲ့ မူဝါဒပေါ့နော်။
အဲဒီလိုပဲ
အမျိုး ဘာသာ သာသနာ ယုံကြည်စိတ်ချရပြီဆိုတဲ့ နေ့ရောက်ပြီဆိုရင်တော့ ဦးဇင်းတို့က ဒီအမျိုးသားရေးလုပ်ငန်းတွေ
နည်းနည်းပါးပါးတော့ လျှော့ရမှာပေါ့နော်။
မေး - နိုင်ငံရေးမှာလည်း
ခေါင်းဆောင်ကောင်းတွေ ရှားနေတယ်။ အမျိုးသားရေးမှာလည်းပဲ
ခေါင်းဆောင်အင်အား အားနည်းတယ်ပေါ့ဘုရား။
ခေါင်းဆောင်ကောင်းတွေပေါ်လာဖို့အတွက်
ဘာတွေလုပ်သင့်လဲဘုရား။
ဖြေ - ခေါင်းဆောင်ကောင်းတွေ
ပေါ်လာဖို့အတွက်တော့ စံပြခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် စံနမူနာ လုပ်ပြသွားဖို့လိုတာပေါ့။
ဥပမာဆိုကြပါစို့
ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေက အမျိုးသားရေးဘက်မှာ ဦးဆောင်အဖြစ်နဲ့ ဦးဆောင်ဦးရွက်ပြုပြီး
စံနမူနာပြသွားရမှာလေ။
နိုင်ငံရေးမှာလည်း
အဲဒီအတိုင်းပေါ့။
နိုင်ငံရေးမှာပဲဖြစ်ဖြစ်
အမျိုးသားရေးမှာပဲဖြစ်ဖြစ် ဘာတွေလိုအပ်နေသလဲဆိုတော့ သင်တန်းပေါ့။
လိုက်ကြည့်လိုက်လို့ရှိရင်
ရည်ရွယ်ချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်၊ ဆောင်ရွက်ချက် အဲဒီအချက်ငါးခုနဲ့
ကိုက်ညီတဲ့ နိုင်ငံရေးသမား အတော်ရှားတာပေါ့နာ်။ ကိုက်ညီတဲ့ အမျိုးသားရေးသမားလည်း ရှားတာပဲလေ။
ဒီငါးချက်နဲ့
ကိုက်ညီအောင် ဘယ်လိုကျင့်သုံးနေထိုင်ရမယ်၊ ဘယ်လိုပြုမှုဆောင်ရွက်ရမယ်ဆိုတာတွေကို
နိုင်ငံရေးပါတီအသီးသီးကလည်းပဲ
ကိုယ့်ပါတီဝင်တွေကို သင်တန်းအမြဲတမ်းပို့ချနေရမယ်။
အမျိုးသားရေးခေါင်းဆောင်တွေကလည်းပဲ
အမျိုးသားရေးသမားများကို အဲဒီလို သင်တန်းအမြဲတန်းပို့ချနေရမယ်။
အဲဒီလိုပဲ
ပြည်သူထဲက ရသလောက်ကို စည်းရုံးပြီးတော့လည်း သူတို့နားလည်အောင် အမျိုးသားရေးခေါင်းဆောင်တွေက
သင်တန်းပို့ချနေရမယ်။
အရပ်သားတွေကိုလည်း
ပါတီအဖွဲ့အစည်းတွေက ဒီအချက်ငါးမျိုးနဲ့ ပြည့်စုံအောင်၊ နေထိုင်တတ်အောင်၊ ပြုမှုဆောင်ရွက်တတ်အောင်
သင်တန်းပို့ချနေရမယ်။
အဲဒီဆိုရင်
ခေါင်းဆောင်ကောင်းတွေ ထွက်လာဖို့က မခဲယဉ်ပါးဘူးနော်။ အခုက အဲဒီလောက်ကို ပြည်သူရဲ့အကျိုးစီပွားကို
လိုလားတဲ့သူ အမျိုးသားရေးသမားတွေကို အချိန်ပေးနိုင်တဲ့သူ မရှိတဲ့အတွက်ကြောင့် နိုင်ငံရေးဘက်မှာပဲဖြစ်ဖြစ်
အမျိုးသားရေးဘက်မှာပဲဖြစ်ဖြစ် ကျစ်လစ်သိပ်သည်းမှု မရှိဘူး၊ အားမရဘူးလို့ ပြောရမှာပေါ့နော်။
အားရစရာမရှိတာတွေ
တွေ့ရတာလို့ ဆိုရမှာပေါ့နော့။
မေး- နောက်တစ်ခုကတော့
အရှင်ဆန္ဒာဓိကသို့ ပေးခဲ့ဖူးတဲ့ အိတ်ဖွင့်ပေးစာလေးတွေကို ပြန်တင်တာတွေ့ပါတယ်ဘုရား ဘယ်လိုရည်ရွယ်ချက်တွေနဲ့
ရေးဖြစ်ခဲ့၊ ပေးဖြစ်ခဲ့တာပါလဲဘုရား။
ဖြေ - အဓိကကတော့
ထောင်ထဲမှာ တရားစာအုပ်တွေပဲ သွင်းခွင့်ရတော့ တရားစာအုပ်တွေပဲ ဖတ်ကြရတာပေါ့။
အဲဒီမှာ မေတ္တာရှင်
စာအုပ်နဲ့ အရှင်ဆန္ဒာဓိကစာအုပ်ဆိုရင် မေတ္တာရှင်စာအုပ်တွေပဲ အကျဉ်းသားတွေက ယူကြပြီးတော့
အရှင်ဆန္ဒာဓိကစာအုပ်ဆိုရင် ဘယ်လိုပေးပေး မဖတ်ချင်ကြဘူး၊ လက်ကာပြကြတာပေါ့နော်။
အဲဒီမှာ အရှင်ဆန္ဒာဓိကအပေါ်
ကိုယ်က ကရုဏာသက်သွားတာပေါ့။ အရှင်ဆန္ဒာဓိကကို
ကြည့်လိုက်တော့လည်း သူ့မှာ အမှီသဟဲ
ပြုစရာ ဆရာသမားရယ်လို့
မယ်မယ်ရရမရှိဘူးပေါ့နော့။ တစ်ပါးတည်းနေတယ်။ သူစိတ်တိုင်းကျလုပ်တယ်။
သူလုပ်သမျှကို
ဒကာဒကာမတွေက လိုက်လျောတယ်၊ အလိုလိုက်တယ်ပေါ့။
အဲဒီမှာ ၀ိပဿနာသမားက
ဝိပဿနာနဲ့ မသင့်တော်တဲ့ အသုံးအနှုန်းတွေတွေ့ရတယ်။ တောရသမားက တောရနဲ့ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့တွေ
တွေ့ရတယ်။ ရဟန်းသံဃာက ရဟန်းသံဃာနဲ့ မသင့်တော်တဲ့ အသုံးအနှုန်းတွေ သုံးလာတာ တွေ့ရတာပေါ့။
နောက်ပြီးတော့
သူကိုယ်တိုင်ကလည်းပဲ လမ်းပျောက်နေသလိုဖြစ်သွားတာတွေ့ရတယ်ပေါ့။ အစတုန်းကတော့ နိဗ္ဗာန်ကိုပဲ
ဒီဘ၀ မရောက်ရောက်အောင် အလွတ်ရုန်းတော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ၀တ်လာခဲ့ပေမယ့် နောင်ကျတော့
တောရဆိုတာ ဆိုင်းဘုတ်ပဲ ရှိတော့တာလေ။ တကယ်တမ်းက
ရန်ကုန်ချည်းရောက်နေတော့တာကိုး။
သူ့ဟာက စာသင်တိုက်တွေလို
ပရိယတ္တိလည်းမဟုတ်၊ ကမ္မဋ္ဌာန်းရိပ်သာတွေလို ပဋိပတ္တိလည်းမဟုတ်။
ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့အခါကျတော့
သူ့လမ်းကြောင်းလေး တည့်သွားစေချင်တာပေါ့နော်။
အဲဒီရည်ရွယ်ချက်နဲ့ရေးတာပါ။
နောက်တစ်ခုကတော့
သူလိုပုဂိုလ်သာ အမျိုး ဘာသာ သာနသာအတွက် အလုပ်လုပ်မယ်ဆိုရင် တော်တော်ထိရောက်မှာလေ။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကို
ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အကြံပြုတဲ့သဘောပေါ့နော်။
မေး - ဒီတစ်ပတ်အတွက်
သြ၀ါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။
ဖြေ- အရင်တုန်းက
၆၆(ဃ)လောက်ပဲ သတိထားရှောင်ရှားရတာ။ အခုတော့ ၈(စ)ပါ ခေတ်စားလာပြန်တော့ ၈(စ)ကိုပါ သတိထား
ရှောင်ရှားရတော့မယ်။
ဒါကြောင့်
ရှင်နည်းရာ အဂ္ဂလူထွက်မဖြစ်ရလေအောင် သတိကြီးကြီးထားပြီး ဝေဖန်ရေးသားကြဖို့ တိုက်တွန်းချင်တာပါ။
ငြိမ်းချမ်းသာ
-ဆက်သွယ်မေးမြန်းသည်။

No comments:
Post a Comment